မြစ်ဆုံဆည် စီမံကိန်း ပြန်စမှာ စိုးရိမ်နေကြ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြစ်ဆုံဆည် စီမံကိန်း ပြန်စမှာ စိုးရိမ်နေကြ

မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်မှုတွေ ဆက်ရှိနေပေမယ့်လည်း အခုတော့ ဒါကို ပြန်ဖော်ဆောင်ဖို့ တရုတ်ဘက်က ခြေလှမ်းပြင်လာနေပါတယ်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်လက်စ ဒီစီမံကိန်းကို ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ကာလအတွင်း ရပ်ဆိုင်းခဲ့တာပါ။ NLD အစိုးရဘက်က ဒီစီမံကိန်းကို ပြန်စလာမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

အထူးသဖြင့် ဒေသခံတွေဘက်က စိုးရိမ်နေကြပါတယ်။

တရုတ်ဘက်ကရော ဒီစီမံကိန်း ဘာကြောင့် ပြန်စချင်တာပါလဲ။ ဒေသခံတွေကရော မြစ်ဆုံကို ဘာအတွက် ဆက်ကန့်ကွက်နေကြတာလဲ။ မြစ်ဆုံဒေသထိ သွားပြီး ဘီဘီစီသတင်းထောက် မစိုးစိုးထွန်းက အခုလို သတင်းပို့ထားပါတယ်။