အမေရိကန် အာကာသယာဉ် နောက်ဆုံးခရီး

ဓာတ်ပုံ မူပိုင် AP
Image caption နောက်ဆုံးလွှတ်တင်တဲ့ လွန်းပျံ အာကာသယာဉ်

အမေရိကန်က နောက်ဆုံးလွှတ်တင်တဲ့ Atlantis အာကာသယာဉ်ဟာ ဖလော်ရီဒါ ပြည်နယ် Cape Canaveral စခန်းကနေ ထွက်ခွာသွားပါပြီ။

ဒါဟာ လွန်းပျံ အာကာသယာဉ်ရဲ့ နောက်ဆုံးခရီး ဖြစ်တာကြောင့် နှစ်ပေါင်း ၃ဝ ကြာ အာကာသ လေ့လာရေး အစီအစဉ်ရဲ့ သမိုင်းကဏ္ဍ တခု ရပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ အိပ်မက်တွေကို ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ နာဆာ အာကာသ အေဂျင်စီက ပြောနေပေမယ့် နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံး အကြိမ်အဖြစ် နာဆာရဲ့ အစီအစဉ်တွေထဲမှာ အာကာသထဲကို လူလိုက်ပါတဲ့ ယာဉ်လွှတ်တင်ဖို့ ကိစ္စ မပါဝင်တော့ ပါဘူး။

အခုနောက်ဆုံး ခရီးစဉ် အတွင်း ၁၂ရက် ကြာမှာ ဖြစ်ပြီး အာကာသယာဉ်ပေါ်မှာ အာကာသယာဉ်မှူး လေးယောက် လိုက်ပါသွားကာ နိုင်ငံတကာ အာကာသ ယာဉ်စခန်းက လိုအပ်တဲ့ ပစ္စည်းတွေ သွားရောက် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ရှေ့ အနာဂတ်မှာတော့ နောက်မျိုးဆက်သစ်တွေက အမေရိကန် အာကာသ ယာဉ်သစ်တွေ တည်ဆောင်နိုင်တဲ့ အထိ ရုရှားရဲ့ အာကာသ အစီအစဉ်ပေါ် မှာဘဲ မှီခိုသွားရဦးမှာ ဖြစ်ပါတယ်။